Events

(၁၉) ကြိမ်မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲ ကျင်းပမည်

Updated At: 2022-07-04 15:05:44

images

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် Nanning International Convention & Exhibition Center (NICEC) ၏ Hall 13 , 2F , Zone D တွင် ပြခန်း (၂၄) ခန်း ပါဝင်ပြသသွားမည်ဖြစ်ရာ ပြပွဲတွင်ပါဝင်ပြသမည့် ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း သိရှိရပါသည်-

- ပြပွဲသို့ ပါဝင်ပြသမည့်ကုမ္ပဏီများသည် ကိုဗစ်-၁၉ ကပ်ရောဂါကန့်သတ်ချက်များကြောင့် ကိုယ်တိုင်သွားရောက်ခွင့်ရရှိမည်မဟုတ်ပဲ မိမိတို့ပါဝင်ပြသမည့် မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပေးပို့၍ တရုတ်နိုင်ငံရှိ ကိုယ်စားလှယ်မှ တာဝန်ယူပြသရမည် ဖြစ်ပါသည်။

- ပါဝင်ပြသမည့်ကုမ္ပဏီများသည် မြန်မာနိုင်ငံသား ကုမ္ပဏီများ ဖြစ်ရမည်ဖြစ်ပြီး တရုတ်နိုင်ငံ၌ ကုမ္ပဏီခွဲ (သို့မဟုတ်) ကိုယ်စားလှယ်ရှိသူ ဖြစ်ရမည်။

- ပြခန်းတွင် မြန်မာထွက်ကုန်ပစ္စည်းများကိုသာ ပြသရမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ တာဝန်ယူပြသမည့် ကိုယ်စားလှယ်အား မြန်မာကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲထားကြောင်းစာ အထောက်အထားပေးအပ်ရန်နှင့် မြန်မာထွက်ကုန်ပစ္စည်းများမဟုတ်သော အခြားနိုင်ငံထွက်ကုန်ပစ္စည်းများကို   ပြခန်းများတွင် ပြသရောင်းချရန် ခွင့်ပြုမည် မဟုတ်ပါ။

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသော မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ နှင့် email: [email protected] နှင့် moctradefair@ myantrade.gov.mm တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

MITC News